*မတူကွဲပြားမှုတွေကို ညှိနှိုင်းပေါင်းစပ်ပြီး နိုင်ငံအတွက် ကောင်းကျိုးရအောင် စီမံဆောင်ရွက်သွားကြဖို့လို*
“ကျွန်တော်တို့ နိုင်ငံသူ နိုင်ငံသားတွေအနေနဲ့ ပြည်ထောင်စုစိတ်ဓာတ် အစဉ်ခိုင်မာနေစေဖို့ ကျွန် တော်တို့နိုင်ငံအကြောင်းကို ပိုမိုသိရှိဖို့လိုအပ်သလို မတူကွဲပြားမှုတွေကိုလည်း ညှိနှိုင်းပေါင်းစပ်ပြီး နိုင်ငံအတွက် ကောင်းကျိုးရအောင် စီမံဆောင်ရွက်သွားကြဖို့လည်း လိုအပ်မှာဖြစ်ကြောင်း” နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီ ဥက္ကဋ္ဌနိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် က စက်တင်ဘာ ၁ ရက် နံနက်ပိုင်းကပြောကြား သည့် ၂၀၂၄ ခုနှစ် လူဦးရေနှင့် အိမ်အကြောင်းအရာသန်းခေါင်စာရင်းကောက်ယူခြင်းအထိမ်းအမှတ် ဗီဒီယိုမိန့်ခွန်း
တွင်ပြောကြားကြောင်းသိရသည်။ နိုင်ငံတော်ဝန်ကြီးချုပ်က “ကျွန်တော်တို့နိုင်ငံဟာ အခြားနိုင်ငံများနဲ့ မတူဘဲ တစ်မူထူးခြားတဲ့ ရေမြေတောတောင်သဘာဝ အလှအပတွေ၊ သဘာဝသယံဇာတတွေနဲ့ ကြွယ်ဝပြည့်စုံ နေသလို မတူကွဲပြားခြားနားတဲ့ တိုင်းရင်းသားလူမျိုးစုတွေ၊ယဉ်ကျေးမှု ဓလေ့ထုံးစံတွေ၊ ဘာသာစကားတွေနဲ့ ညီညွတ်စွာပေါင်းစပ်စုစည်းထားတဲ့ ပြည်ထောင်စုနိုင်ငံတော်ကြီးလည်း ဖြစ်ပါတယ်။ ကျွန်တော်တို့ နိုင်ငံသူ နိုင်ငံသားတွေအနေနဲ့ ပြည်ထောင်စုစိတ်ဓာတ် အစဉ်ခိုင်မာနေစေဖို့ ကျွန် တော်တို့နိုင်ငံအကြောင်းကို ပိုမိုသိရှိဖို့ လိုအပ်သလို မတူကွဲပြားမှုတွေကိုလည်း ညှိနှိုင်းပေါင်းစပ်ပြီး နိုင်ငံအတွက် ကောင်းကျိုးရအောင် စီမံဆောင်ရွက် သွား ကြဖို့လည်း လိုအပ်မှာဖြစ်ပါတယ်” ဟုထည့်သွင်းပြောကြားသွားကြောင်းသိရပါတယ် ။
No comments:
Post a Comment